မြန်မာသံတမန်သင်တန်းကျောင်း၊ သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်းအမှတ်စဉ်(၂) သင်တန်းသား/သူများ လေ့လာရေးခရီးစဉ်သွားရောက်ခြင်း

နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာသံတမန်သင်တန်းကျောင်း၊ သံတမန်ရေးရာဘွဲ့လွန် ဒီပလိုမာသင်တန်း အမှတ်စဉ်(၂) သင်တန်းသား/သူများသည် တာဝန်ရှိသူများလိုက်ပါလျက် ၅-၉-၂၀၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် လေ့လာရေးခရီးစဉ်အဖြစ် ရန်ကုန်မြို့ရှိ အိန္ဒိယယဉ်ကျေးမှု စင်တာသို့ သွားရောက်ခဲ့ပါသည်။ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur က အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအကြား ဘက်စုံပူးပေါင်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးပို့ချ ခဲ့ပြီး သင်တန်းသား/သူများက မေးခွန်းများမေးမြန်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် အိန္ဒိယသံအမတ်ကြီးက သင်တန်းသား/သူများကို အိန္ဒိယရိုးရာအစားအစာများဖြင့် နေ့လယ်စာ တည်ခင်းဧည့်ခံခဲ့ပါသည်။
မွန်းလွဲပိုင်းတွင် သင်တန်းသား/သူများသည် နိုင်ငံခြားရေးဝန်ကြီးဌာန(ရန်ကုန်)သို့သွား ရောက်၍ မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကိုဂါရဝပြုတွေ့ဆုံခဲ့ကြပါသည်။ MISIS အဖွဲ့ဝင် ဆရာကြီး၊ ဆရာမကြီးများက “မျက်မှောက်ခေတ် ကမ္ဘာ့နိုင်ငံများ ဆက်ဆံရေးအခြေအနေ” ခေါင်းစဉ်ဖြင့်ဆွေးနွေးပို့ချခဲ့ရာ သင်တန်းသား/သူများက မေးခွန်းများမေးမြန်း၍အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။
Myanmar Diplomatic Academy (MDA)
Contact Information
Strategic Studies and Training Department
Ministry of Foreign Affairs
Ministry of Foreign Affairs Nay Pyi Taw
067-412554
www.mdamofa.gov.mm
