အခြေခံသံတမန်ရေးရာကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် (၄၇/၂၀၂၆) (ရန်ကုန်) သို့ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော် မှ သင်ခန်းစာပို့ချခြင်း

နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာသံတမန်သင်တန်းကျောင်း (Myanmar Diplomatic Academy) မှ ကြီးမှူးဖွင့်လှစ်လျက်ရှိသည့် အခြေခံသံတမန်ရေးရာကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် (၄၇/ ၂၀၂၆) (ရန်ကုန်) တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော် က ၆-၇-၂၀၂၆ ရက် (တနင်္လာနေ့) ၌ သင်ခန်းစာပို့ချခဲ့ပါသည်။
ဒုတိယဝန်ကြီးက “The Importance of Civil-Military Relations on Democratic Nation” ခေါင်းစဉ်ဖြင့် တပ်မတော်နှင့် အရပ်ဘက်ဆက်ဆံရေး၏ အပြန်အလှန်ဆက်နွယ်မှု၊ တပ်မတော် နှင့် အရပ်ဘက်ဆက်ဆံရေးဆိုင်ရာ အယူအဆများနှင့် သီအိုရီများကို ဆွေးနွေး ပြောကြားခဲ့ ပါသည်။ ထို့ပြင် လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်တိုးတက်လျက်ရှိသော အခြေအနေများကိုလည်း ဗဟုသုတရရှိစေရန် ရည်ရွယ်၍ ဆွေးနွေးပြောကြားခဲ့ပါသည်။
Myanmar Diplomatic Academy (MDA)
Contact Information
Strategic Studies and Training Department
Ministry of Foreign Affairs
Ministry of Foreign Affairs Nay Pyi Taw
067-412554
www.mdamofa.gov.mm
