သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ်(၁/၂၀၂၅)တွင် နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဌာန(၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်မှ သင်ခန်းစာလာရောက်ပို့ချခြင်း

(၁၉-၂-၂၀၂၆ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာသံတမန်သင်တန်းကျောင်း (Myanmar Diplomatic Academy – MDA)မှ ကြီးမှူးဖွင့်လှစ်လျက်ရှိသည့် သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ်(၁/၂၀၂၅)၊ နေပြည်တော်တန်းခွဲနှင့် ရန်ကုန်တန်းခွဲတို့၏ ပြင်ပပို့ချသူများအစီအစဉ်တွင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ၁၉-၂-၂၀၂၆ ရက် (ကြာသပတေးနေ့)၌ သင်ခန်းစာပို့ချခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံခြားရေးဝန်ကြီး ဌာန(နေပြည်တော်)၊ မြန်မာသံတမန်သင်တန်းကျောင်းတွင် ဖွင့်လှစ်လျက်ရှိသည့် နေပြည်တော် တန်းခွဲ၌ သင်ခန်းစာလာရောက်ပို့ချခဲ့ပြီး အဆိုပါသင်ခန်းစာသို့ ရန်ကုန်တန်းခွဲက Video Conferencing စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက “Strategic Perspective, Geopolitical Opportunities and Challenges of Myanmar “ခေါင်းစဉ်ဖြင့် အမျိုးသားအကျိုးစီးပွား၏အခန်းကဏ္ဍ၊ မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးအရ မဟာဗျူဟာမြောက်တည်ရှိနေမှု၊ အခွင့်အလမ်းနှင့် အားနည်းချက်၊ အားသာ ချက်များအကြောင်း၊ ပထဝီနိုင်ငံရေးဆိုင်ရာ သဘောတရားများကို ဆွေးနွေး ပြောကြားခဲ့ပါသည်။
Myanmar Diplomatic Academy (MDA)
Contact Information
Strategic Studies and Training Department
Ministry of Foreign Affairs
Ministry of Foreign Affairs Nay Pyi Taw
067-412554
www.mdamofa.gov.mm
