သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်း (၁/၂၀၂၅) ရန်ကုန်တန်းခွဲမှ သင်တန်းသား/သူများ၏ မြန်မာ့ရိုးရာထမနဲထိုးပွဲအခမ်းအနား ကျင်းပ

နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာသံတမန်သင်တန်းကျောင်း (Myanmar Diplomatic Academy –MDA) ၌ ဖွင့်လှစ်ပို့ချလျက်ရှိသည့် သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်း (၁/၂၀၂၅)၊ ရန်ကုန် တန်းခွဲမှ သင်တန်းသား/သင်တန်းသူများ၏ မြန်မာ့ရိုးရာထမနဲထိုးပွဲအခမ်းအနားကို ၃၀-၁-၂၀၂၆ ရက် (သောကြာနေ့) နံနက်ပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်၌ ပျော်ရွှင်စွာ ကျင်းပခဲ့ပါသည်။

အဆိုပါထမနဲထိုးပွဲအခမ်းအနားသို့ သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်း၏ သင်ကြားရေး အဖွဲ့ဝင်များဖြစ်သည့် အငြိမ်းစားဒုတိယဝန်ကြီးများ၊ သံအမတ်ကြီးများ၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ အဖွဲ့ဝင်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှတာဝန်ရှိသူများနှင့် သင်တန်းသား/ သင်တန်းသူများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

မြန်မာ့ ၁၂လ ရာသီပွဲတော်များကို ဆက်လက်ထိန်းသိမ်း‌စောင့်‌ရှောက်နိုင်ရန်ရည်ရွယ်၍ သင်တန်းသား/သင်တန်းသူများအကြား ချစ်ကြည်ရင်းနှီးစွာဖြင့် ပူးပေါင်းပါဝင်ဆင်နွှဲခဲ့ပြီး၊ တက်ရောက် လာသူများကို နေ့လယ်စာဖြင့် တည့်ခင်းဧည့်ခံခဲ့ပါသည်။

Myanmar Diplomatic Academy (MDA)

Contact Information

Strategic Studies and Training Department
Ministry of Foreign Affairs

Ministry of Foreign Affairs Nay Pyi Taw

067-412554

www.mdamofa.gov.mm