သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်း(၁/၂၀၂၅) နေပြည်တော်တန်းခွဲသို့ ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်တက္ကသိုလ်မှ သင်ခန်းစာ လာရောက်ပို့ချ

(၁၅-၁၀-၂၀၂၅ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်ရှိ မြန်မာသံတမန်သင်တန်းကျောင်း(Myanmar Diplomatic Academy–MDA) ၌ ဖွင့်လှစ်လျက်ရှိသည့် သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်း (၁/၂၀၂၅)၏ ပြင်ပပို့ချသူများ၏အစီအစဉ်တွင် ရုရှားနိုင်ငံ၊ St. Petersburg State University မှ ကထိက/သုတေသနပညာရှင် Mr. Peter Punchenko နှင့် တွဲဖက်ပါမောက္ခ Dr. Anna Sytnik တို့က ၁၅-၁၀-၂၀၂၅ ရက်၌ သင်ခန်းစာများလာရောက်ပို့ချခဲ့ပါသည်။

ကထိက/ သုတေသနပညာရှင် Mr. Peter Punchenko က “The voice of the global majority: How the Global South Shapes the rules of the 21st century” ခေါင်းစဉ်ဖြင့်လည်း ကောင်း၊ နိုင်ငံရေးသိပ္ပံဌာနမှ တွဲဖက်ပါမောက္ခ Dr. Anna Sytnik က “ASEAN Strategic Initiatives in the field of Artificial Intelligence: Myanmar’s potential and prospects for partnership with Russia” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးပို့ချခဲ့ပါသည်။

အဆိုပါပို့ချမှုသို့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်း နေပြည်တော်နှင့် ရန်ကုန် တန်းခွဲတို့မှ သင်တန်းသား/သူများနှင့် Naypyitaw State Academy မှ လုပ်ငန်းခွင်လက်တွေ့ လေ့လာရေး လာရောက်နေသည့် ကျောင်းသား/သူများ၊ စုစုပေါင်း (၉၀) ဦး ပါဝင်တက်ရောက်ခဲ့ ကြပါသည်။

Myanmar Diplomatic Academy (MDA)

Contact Information

Strategic Studies and Training Department
Ministry of Foreign Affairs

Ministry of Foreign Affairs Nay Pyi Taw

067-412554

www.mdamofa.gov.mm