သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ်(၁/၂၀၂၅) နေပြည်တော်တန်းခွဲတွင် ကိုရီးယားသမ္မတနိုင်ငံ Chung-Ang တက္ကသိုလ် Graduate School of International Studies (GSIS) ၏ Dean ဖြစ်သူ Professor Kim Tae Hyun မှ သင်ခန်းစာ လာရောက်ပို့ချခြင်း

(၁၃-၈-၂၀၂၅၊ နေပြည်တော်)

သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်းအမှတ်စဉ် (၁/၂၀၂၅) နေပြည်တော်တန်းခွဲကို ၂၈-၇-၂၀၂၅ ရက်နေ့မှစတင်၍ဖွင့်လှစ်ပို့ချလျက်ရှိရာ ၁၂-၈-၂၀၂၅ ရက်နေ့နှင့် ၁၃-၈-၂၀၂၅ ရက် နေ့များတွင် ကိုရီးယားသမ္မတနိုင်ငံ Chung-Ang တက္ကသိုလ် Graduate School of International Studies (GSIS) ၏ Dean ဖြစ်သူ Professor Kim Tae Hyun, မှ သင်ခန်းစာ လာရောက်ပို့ချခဲ့ပါသည်။

သင်ခန်းစာပို့ချရာတွင် နိုင်ငံတကာဆက်ဆံရေး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ သီအိုရီပိုင်း ဆိုင်ရာများ၊ နိုင်ငံတကာဆက်ဆံရေးသင်ကြားရခြင်း၏ အကြောင်းရင်း/ အကျိုးကျေးဇူးများနှင့် နိုင်ငံတကာဆက်ဆံရေး၏ အဓိကသဘောတရားများ၊ နိုင်ငံတကာဆက်ဆံရေး၏ အဓိက သီအိုရီများနှင့် သီအိုရီအဆင့်ဆင့်ပြောင်းလဲလာပုံများနှင့်စပ်လျဉ်း၍ ဉပမာများဖြင့် ဆွေးနွေးပို့ချ ခဲ့ပါသည်။

Myanmar Diplomatic Academy (MDA)

Contact Information

Strategic Studies and Training Department
Ministry of Foreign Affairs

Ministry of Foreign Affairs Nay Pyi Taw

067-412554

www.mdamofa.gov.mm