သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်းအမှတ်စဉ်(၁/၂၀၂၅) ရန်ကုန်တန်းခွဲတွင် ကိုရီးယား သမ္မတနိုင်ငံ Chung-Ang တက္ကသိုလ် Graduate School of International Studies (GSIS) ၏ Dean ဖြစ်သူ Professor Kim Tae Hyun မှ သင်ခန်းစာ လာရောက်ပို့ချခြင်း

(၆-၈-၂၀၂၅၊ ရန်ကုန်)
သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်းအမှတ်စဉ် (၁/၂၀၂၅) ရန်ကုန်တန်းခွဲကို ၂၃-၆-၂၀၂၅ ရက်နေ့မှစတင်၍ဖွင့်လှစ်ပို့ချလျက်ရှိရာ ၅-၈-၂၀၂၅ ရက်နေ့နှင့် ၆-၈-၂၀၂၅ ရက်နေ့များ တွင် ကိုရီးယားသမ္မတနိုင်ငံ Chung-Ang တက္ကသိုလ် Graduate School of International Studies (GSIS) ၏ Dean ဖြစ်သူ Professor Kim Tae Hyun, မှ သင်ခန်းစာ လာရောက်ပို့ချခဲ့ပါသည်။
သင်ခန်းစာပို့ချရာတွင် နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်သည့်အကြောင်းအရာများ၊ အတွေးအခေါ်ပညာရှင်များ၏ နိုင်ငံရေးအတွေးအခေါ်များ၊ နိုင်ငံတကာဆက်ဆံရေးသီအိုရီများ ပေါ်ပေါက်လာပုံနှင့် လက်တွေ့အသုံးချမှုများ အစရှိသော အကြောင်းအရာများအား ဆွေးနွေး ပို့ချခဲ့ပါသည်။
Professor Kim Tae Hyun နှင့် သင်တန်းသား/သူများသည် balance of power, diplomatic approach, domestic diversities, conflict and war, dominance of realism in today’s world အစရှိသောအကြောင်းအရာများအား အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။
Myanmar Diplomatic Academy (MDA)
Contact Information
Strategic Studies and Training Department
Ministry of Foreign Affairs
Ministry of Foreign Affairs Nay Pyi Taw
067-412554
www.mdamofa.gov.mm
