သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ်(၁/၂၀၂၅) နေပြည်တော်တန်းခွဲတွင် မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့ ဥက္ကဌ မှသင်ခန်းစာ လာရောက် ပို့ချခဲ့ခြင်း

(၁၁-၈-၂၀၂၅၊ နေပြည်တော်)
သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ် (၁/၂၀၂၅) နေပြည်တော်တန်းခွဲကို ၂၈-၇-၂၀၂၅ ရက်နေ့မှစတင်၍ ဖွင့်လှစ်ပို့ချလျက်ရှိရာ ၁၁-၈-၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ မဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့ဥက္ကဌ ဦးသန့်ကျော်မှ “Preventive Diplomacy” ခေါင်းစဉ်ဖြင့် သင်ခန်းစာ လာရောက်ပို့ချခဲ့ပါသည်။
သင်ခန်းစာပို့ချရာတွင် Preventive Diplomacy ဆိုင်ရာမူဝါဒများ၊ အယူအဆများနှင့် လက်တွေ့ကျင့်သုံးဆောင်ရွက်မှုများ၊ ဥပမာများနှင့်ရှင်းလင်းပြောကြားပို့ချခဲ့ရာ သံခင်းတမန်ခင်း လက်တွေ့ကျင့်သုံးခြင်းသည် ညှိနှိုင်းဆွေးနွေးခြင်း၊ ကိုယ်စားပြုခြင်း၊ ဆက်သွယ်ဆောင်ရွက်ခြင်း၊ စူးစမ်းလေ့လာသုံးသပ်၍ အစီရင်ခံတင်ပြခြင်းနှင့် အမျိုးသားအကျိုးစီးပွားကာကွယ် မြှင့်တင်ခြင်းဟူသည့်မဏ္ဍိုင် (၅) ရပ်အပေါ် အခြေခံခြင်းဖြစ်ကြောင်းနှင့် Preventive Diplomacy သည် ပဋိပက္ခများနှင့်တင်းမာမှုများမဖြစ်ပွားမီ သံတမန်နည်းလမ်းဖြင့် ဆောလျင်စွာဖြေရှင်း ဆောင်ရွက်သည့် နည်းလမ်းဖြစ်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။
ဆွေးနွေးမှု၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ထိုင်းနှင့်ကမ္ဘောဒီးယားကြားရှိ လက်ရှိ ဖြစ်ပွားနေသောတင်းမာမှုများကို လေ့လာဆန်းစစ်ခဲ့ပြီး ငြိမ်းချမ်းစွာဖြေရှင်းရန်နှင့်တင်းမာမှု များကို လျှော့ချရန် ကြိုတင်ကာကွယ်မှုပေးသည့်သံခင်းတမန်ခင်းကို မည်သို့အသုံးချနေ ကြောင်းကို ဆွေးနွေးခဲ့ပါသည်။
Myanmar Diplomatic Academy (MDA)
Contact Information
Strategic Studies and Training Department
Ministry of Foreign Affairs
Ministry of Foreign Affairs Nay Pyi Taw
067-412554
www.mdamofa.gov.mm
