သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်းအမှတ်စဉ်(၁/၂၀၂၅) နေပြည်တော်တန်းခွဲတွင် မဟာ ဗျူဟာလေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေး မှူးချုပ် တို့မှ သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း

(၂၉-၇-၂၀၂၅၊ နေပြည်တော်)

သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်းအမှတ်စဉ် (၁/၂၀၂၅) နေပြည်တော်တန်းခွဲ ကို ၂၈-၇-၂၀၂၅ ရက်နေ့မှ စတင်၍ ဖွင့်လှစ်ပို့ချခဲ့ရာ ၂၉-၇-၂၀၂၅ ရက်နေ့တွင် မဟာဗျူဟာ လေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် တို့မှ သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

မဟာဗျူဟာလေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ မြန်မာ သံတမန်သင်တန်းကျောင်းဖြစ်ပေါ်လာပုံ၊ သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်း၏ မျှော်မှန်း ချက်၊ လုပ်ငန်းတာဝန်နှင့် ရည်မှန်းချက်များအကြောင်း၊ သင်တန်းကာလ၊ ဘွဲ့ရရှိစေရန် လိုအပ် ချက်များ၊ ဘွဲ့ဝတ်စုံနှင့် သင်ကြားမည့်ဘာသာရပ်များ၊ သင်တန်းသားများရွေးချယ်ခြင်းလုပ်ငန်း စဉ်အကြောင်း၊ သင်တန်းသားများ လိုက်နာရမည့်စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး သင်တန်းသားများကတစ်ဦးချင်းမိတ်ဆက်ခဲ့ကြပါသည်။

မဟာဗျူဟာလေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ သင်ရိုးညွှန်းတမ်းနှင့် သင်တန်းမှရရှိမည့် အကျိုးရလဒ်များကိုရှင်းလင်းပြောကြားပြီး အဖွဲ့လိုက် သုတေသနစာတမ်းအတွက် အဖွဲ့များကို ကြေညာပြီး စာတမ်းရေးသားရာတွင် လိုက်နာရမည့် အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

Myanmar Diplomatic Academy (MDA)

Contact Information

Strategic Studies and Training Department
Ministry of Foreign Affairs

Ministry of Foreign Affairs Nay Pyi Taw

067-412554

www.mdamofa.gov.mm