မြန်မာသံတမန်သင်တန်းကျောင်းသည် Naypyitaw State Academy တွင် ပြုလုပ်သည့် ပထမအကြိမ် Career Fair & Forum 2025 သို့ ပါဝင်တက်ရောက်ခဲ့ခြင်း

(၂၆-၈-၂၀၂၅၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ မြန်မာသံတမန် သင်တန်းကျောင်း (Myanmar Diplomatic Academy-MDA) သည် ၂၅-၈-၂၀၂၅ ရက်တွင် Naypyitaw State Academy (NSA) ၌ ကျင်းပပြုလုပ်ခဲ့သည့် ပထမအကြိမ် Career Fair & Forum 2025 သို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

MDA နှင့် သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy –DID) မှ သင်တန်းသား/သူများသည် အဆိုပါအလုပ်အကိုင်ပြပွဲသို့ တက်ရောက်လာသည့် NSA မှ တတိယနှစ်နှင့် စတုတ္ထနှစ် ကျောင်းသား/သူများအား MDA မှ ဖွင့်လှစ်သင်ကြားလျက်ရှိသည့် DID သင်တန်းနှင့် ပတ်သက်၍ နားလည်သိရှိစေရန် ရှင်းလင်းမျှဝေခဲ့ကြောင်း သိရှိရပါသည်။

Myanmar Diplomatic Academy (MDA)

Contact Information

Strategic Studies and Training Department
Ministry of Foreign Affairs

Ministry of Foreign Affairs Nay Pyi Taw

067-412554

www.mdamofa.gov.mm