မြန်မာသံတမန်သင်တန်းကျောင်းနှင့် Naypyitaw State Academy တို့ပူးပေါင်း၍ ပညာရပ်ဆိုင်ရာဆွေးနွေးဟောပြောပွဲ (Academic Seminar) ကျင်းပ

(၁၂-၈-၂၀၂၅ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ မြန်မာသံတမန် သင်တန်းကျောင်း(Myanmar Diplomatic Academy–MDA) နှင့် Naypyitaw State Academy (NSA) တို့ ပူးပေါင်း၍ ပညာရပ်ဆိုင်ရာဆွေးနွေးဟောပြောပွဲ (Academic Seminar) တစ်ရပ်ကို ၁၂-၈-၂၀၂၅ ရက် (အင်္ဂါနေ့) နံနက် ၁၀၀၀ နာရီတွင် Naypyitaw State Academy ၌ ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးဟောပြောပွဲ၌ ကိုရီးယားသမ္မတနိုင်ငံ၊ Chung-Ang တက္ကသိုလ်မှ အငြိမ်းစား ပါမောက္ခ Dr. Kim Tae Hyun က Non-Alignment 3.0: Myanmar’s Foreign Policy in a Reshuffling World ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာထမ်း/ အမှုထမ်းများ၊ NSA မှ ခေတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများ၊ ဘာသာရပ် ဆိုင်ရာ ဆရာ/ ဆရာမများနှင့် NSA မှ ကျောင်းသား/ကျောင်းသူများ၊ MDA သံတမန်ရေးရာဘွဲ့လွန် ဒီပလိုမာသင်တန်း(DID) နေပြည်တော်တန်းခွဲမှ သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း (၆၀) ဦး ကျော် ပါဝင်တက်ရောက်ခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲ၌ Dr. Kim Tae Hyun က ကမ္ဘာ့အခင်းအကျင်း အပြောင်းအလဲတွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ ဖော်ဆောင်နိုင်ရေးဆိုင်ရာ အခွင့်အလမ်းများနှင့်ပတ်သက်၍ ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသူများက ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
Myanmar Diplomatic Academy (MDA)
Contact Information
Strategic Studies and Training Department
Ministry of Foreign Affairs
Ministry of Foreign Affairs Nay Pyi Taw
067-412554
www.mdamofa.gov.mm
