နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အသစ်ခန့်အပ်လိုက်သည့် အရာထမ်းငယ်များအတွက် သံတမန်ရေးရာသင်တန်း အမှတ်စဉ် (၉) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အသစ်ခန့်အပ်လိုက်သည့် အရာထမ်းငယ်များအတွက် သံတမန်ရေးရာ သင်တန်း အမှတ်စဉ် (၉) ၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက် (တနင်္လာနေ့)၊ နံနက် ၁၀၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန (နေပြည်တော်) ရှိ လောကနတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါသင်တန်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ၂၀၂၆ ခုနှစ်တွင် အသစ်ခန့်အပ်လိုက်သည့် ဌာနစုမှူး-၂/အရာထမ်းငယ် (၂၉) ဦးတို့အား ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနအသီးသီး၏ လုပ်ငန်းဆောင်ရွက် ချက်များ၊ သံတမန်ရေးရာဘာသာရပ်များ၊ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်များ၊ ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများ၊ အာဆီယံရေးရာများ၊ ကောင်စစ်ရေးရာ များ၊ နိုင်ငံတကာဥပဒေများနှင့် လုပ်ငန်းခွင်ကျွမ်းကျင်မှု အရည်အသွေးမြှင့်တင်ခြင်း အစရှိသည့်ဘာသာရပ် များကို သင်တန်းကာလ ရက်သတ္တ (၁၁) ပတ်ကြာ စာတွေ့/လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်
Myanmar Diplomatic Academy (MDA)
Contact Information
Strategic Studies and Training Department
Ministry of Foreign Affairs
Ministry of Foreign Affairs Nay Pyi Taw
067-412554
www.mdamofa.gov.mm
