ဌာနခွဲစာရေးများအတွက် နိုင်ငံခြားရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၆) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

(၂၁-၈-၂၀၂၆၊ နေပြည်တော်)
ဌာနခွဲစာရေးများအတွက် နိုင်ငံခြားရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၆) ၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်၊ နံနက် ၁၀၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်ရှိ လောကနတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် ဦးနိုင်မင်းကျော်၊ အမြဲတမ်း အတွင်းဝန်၊ ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူ များနှင့် သင်တန်းသား/သူ (၃၀) ဦး တက်ရောက်ခဲ့ကြသည်။
အဆိုပါသင်တန်းတွင် ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများ၏ တာဝန်နှင့်လုပ်ငန်း ဆောင်ရွက်ချက်များ၊ နိုင်ငံခြားရေးမူဝါဒအပါအဝင် သံတမန်ရေးရာများ၊ နှစ်နိုင်ငံဆက်ဆံရေး၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အာဆီယံရေးရာကိစ္စရပ်များ၊ ကောင်စစ်ဆိုင်ရာကိစ္စရပ်များ၊ အုပ်ချုပ်ရေးနှင့်ဘဏ္ဍာရေး ဆိုင်ရာကိစ္စရပ်များ၊ လုပ်ငန်းနှင့်ဆက်စပ်သည့် လက်တွေ့ကျွမ်းကျင်မှုများကို တာဝန်ရှိသူများက သင်တန်းကာလ ရက်သတ္တ (၈) ပတ်ကြာ စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးခဲ့သည်။
Myanmar Diplomatic Academy (MDA)
Contact Information
Strategic Studies and Training Department
Ministry of Foreign Affairs
Ministry of Foreign Affairs Nay Pyi Taw
067-412554
www.mdamofa.gov.mm
