BDS 47 Study Tour Trip to Naypyitaw

နိုင်ငံခြားရေးဝန်ကြီးဌာန ရန်ကုန်၌ ဖွင့်လှစ်လျက်ရှိသော အခြေခံသံတမန်‌ရေးရာကျွမ်းကျင်မှု သင်တန်း အမှတ်စဉ် (၄၇) မှ သင်တန်းသား/သူများသည် ၃၀-၇-၂၀၂၆ ရက်မှ ၁-၈-၂၀၂၆ ရက်အထိနေပြည်တော်သို့ လေ့လာရေးခရီးစဉ် သွားရောက်ခဲ့ပါသည်။

အဆိုပါလေ့လာရေးခရီးစဉ် ပထမနေ့ ၃၀-၇-၂၀၂၆ (ကြာသပတေးနေ့) တွင် နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ သွားရောက်၍ ပြည်ထောင်စုဝန်ကြီးကို ဂါရဝပြု တွေ့ဆုံခြင်းနှင့် Naypyitaw State Academy သို့ သွားရောက်လေ့လာခြင်း၊ ဒုတိယနေ့ ၃၁-၇-၂၀၂၆ (သောကြာနေ့) တွင် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ အစည်းအဝေးသို့လေ့လာသူအဖြစ် တက်ရောက်ခြင်း၊ အမျိုးသားပြတိုက်သို့ သွားရောက် လေ့လာခြင်းနှင့် မာရဝိဇိယ ဗုဒ္ဓရုပ်ပွားတော်မြတ်အား သွားရောက် ဖူးမြော်ခဲ့ခြင်း၊ တတိယနေ့ ၁-၈-၂၀၂၆ (စနေနေ့) တွင် တပ်မတော် စစ်သမိုင်း ပြတိုက်သို့ သွားရောက်လေ့လာပြီးနောက် အဆိုပါနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်သို့ ပြန်လည် ထွက်ခွာခဲ့ကြပါသည်။

BDS (47) ၏ နေပြည်တော်လေ့လာရေးခရီးစဉ် ပထမနေ့ ၃၀-၇-၂၀၂၆ (ကြာသပတေးနေ့) တွင် နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်ရှိ လောကနတ်ခန်းမ၌ ပြည်ထောင်စုဝန်ကြီးကို ဂါရဝပြု တွေ့ဆုံခြင်း
BDS (47) ၏ နေပြည်တော်လေ့လာရေးခရီးစဉ် ပထမနေ့ ၃၀-၇-၂၀၂၆ (ကြာသပတေးနေ့) တွင် Nay Pyi Taw State Academy သို့ သွားရောက်လေ့လာခြင်း
BDS (47) ၏ နေပြည်တော်လေ့လာရေးခရီးစဉ် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ အစည်းအဝေးသို့လေ့လာသူအဖြစ် တက်ရောက်ခြင်း
BDS (47) ၏ နေပြည်တော်လေ့လာရေးခရီးစဉ် ဒုတိယနေ့ ၃၁-၇-၂၀၂၆ (သောကြာနေ့) တွင် မာရဝိဇိယ ဗုဒ္ဓရုပ်ပွားတော်မြတ်အား သွားရောက်ဖူးမြော်ခြင်း
BDS (47) ၏ နေပြည်တော်လေ့လာရေးခရီးစဉ် တတိယနေ့ ၁-၈-၂၀၂၆ (စနေနေ့) တွင် တပ်မတော်စစ်သမိုင်းပြတိုက်သို့ သွားရောက်လေ့လာခြင်း

Myanmar Diplomatic Academy (MDA)

Contact Information

Strategic Studies and Training Department
Ministry of Foreign Affairs

Ministry of Foreign Affairs Nay Pyi Taw

067-412554

www.mdamofa.gov.mm