နိုင်ငံခြားရေးရာကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၆/၂၀၂၆) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

(၂၉-၆-၂၀၂၆ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနက ကြီးမှူးဖွင့် လှစ်သည့် ဌာနခွဲစာရေးများအတွက် နိုင်ငံခြားရေးရာကျွမ်းကျင်မှုသင်တန်း (Course for Attache’ on Foreign Service Skill-CFA)အမှတ်စဉ် (၆/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ၂၉-၆-၂၀၂၆ ရက်၊ တနင်္လာနေ့၊ နံနက် ၁၀:၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ လောကနတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော် နှင့် ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် သင်တန်းသား/သူ (၃၁) ဦးတက်ရောက်ခဲ့ကြသည်။
နိုင်ငံခြားရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၆/၂၀၂၆) ကို သင်တန်းကာလ (၈)ပတ်ကြာ ရုံးဖွင့်ရက်များအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ သင်တန်းတွင် ပြည်ပသို့ပထမဆုံးအကြိမ်အဖြစ် သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အမှုထမ်းများ (ဌာနခွဲစာရေးများ) အတွက် သံတမန်ရေးရာများ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေး ဆိုင်ရာကိစ္စရပ်များ၊ ကောင်စစ်၊ ဥပဒေရေးရာနှင့် အာဆီယံဆိုင်ရာကိစ္စရပ်များ၊ အင်္ဂလိပ်ဘာသာစကားစွမ်းရည် စသည်တို့ကိုအဓိကထား၍ သင်ကြား ပို့ချသွားမည်ဖြစ်သည်။
Myanmar Diplomatic Academy (MDA)
Contact Information
Strategic Studies and Training Department
Ministry of Foreign Affairs
Ministry of Foreign Affairs Nay Pyi Taw
067-412554
www.mdamofa.gov.mm
