သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်း (၁/၂၀၂၅) ရန်ကုန်တန်းခွဲသို့ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး H.E. Mr. Harishchandra Ghimire မှ သင်ခန်းစာလာရောက်ပို့ချခြင်း

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်ရှိ မြန်မာသံတမန်သင်တန်းကျောင်း (Myanmar Diplomatic Academy – MDA) တွင် ဖွင့်လှစ်လျက်ရှိသည့် သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်း(၁/၂၀၂၅)၊ ရန်ကုန်တန်းခွဲ၏ ပြင်ပပို့ချသူများအစီအစဉ်တွင် မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး H.E. Harishchandra Ghimire မှ ၃၀-၁-၂၀၂၆ ရက် (သောကြာနေ့)၌ သင်ခန်းစာလာရောက်ပို့ချခဲ့ပါသည်။
သံအမတ်ကြီး H.E. Harishchandra Ghimire က “Nepal-Myanmar Relations at People’s Level” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံနှင့်နီပေါနိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ နှစ်နိုင်ငံ စီးပွားရေး၊ လူမှုရေးနှင့် ဆက်စပ်အကြောင်းအရာများအပေါ် ရှင်းလင်းဆွေးနွေးပို့ချပြီး သင်တန်းသား/သူများက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြပါသည်။
Myanmar Diplomatic Academy (MDA)
Contact Information
Strategic Studies and Training Department
Ministry of Foreign Affairs
Ministry of Foreign Affairs Nay Pyi Taw
067-412554
www.mdamofa.gov.mm
