နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာသံတမန်သင်တန်းကျောင်း၊ သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာ သင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းသား/သူများ လေ့လာမှုအစီအစဉ်သွားရောက်ခြင်း

မွန်းလွဲပိုင်းတွင် ရန်ကုန်တက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံရေးသိပ္ပံဌာနသို့ သွားရောက်လေ့လာခဲ့ပြီး နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံရေးသိပ္ပံဌာန၊ ပါမောက္ခ(ဌာနမှူး)၊ ဒေါက်တာဝင်းမာလှိုင်က Current Trends in International Relations: Changing Global Power Dynamic ခေါင်းစဥ်ဖြင့် သင်ခန်းစာဆွေးနွေးပို့ချခဲ့ပါသည်။ သင်တန်းသားများအနေဖြင့် ပို့ချခဲ့သော သင်ခန်းစာနှင့်စပ်လျဥ်း၍ ပြောင်းလဲလာသည့် နိုင်ငံတကာဆက်ဆံရေးအခြေ အနေများ၊ မျက်မှောက်ခေတ်ကမ္ဘာ့နိုင်ငံရေးလားရာများကို ပါမောက္ခ(ဌာနမှူး)၊ တက်ရောက် လာသည့် ပါမောက္ခများနှင့် အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ပြီး ရန်ကုန်တက္ကသိုလ်ပရဝုဏ် အတွင်းသို့ လှည့်ပတ်လေ့လာခဲ့ကြပါသည်။
Myanmar Diplomatic Academy (MDA)
Contact Information
Strategic Studies and Training Department
Ministry of Foreign Affairs
Ministry of Foreign Affairs Nay Pyi Taw
067-412554
www.mdamofa.gov.mm
